ကိုယ်နဲ့လက်တွဲလုပ်ကိုင်နေတဲ့ ကိုယ့်ဝန်ထမ်းတွေနဲ့ခင်မင်ရင်းနှီးဖို့လိုအပ်ပါတယ်။ သို့သော်လည်း ရင်းနှီးမှုမှာ စည်းလေးတွေရှိဖို့တော့လိုအပ်ပါတယ်။ ဥပမာအားဖြင့် – ကိုယ့်သူငယ်ချင်းတစ်ယောက်ကို ထိခိုက်နိုင်တဲ့ သတင်းအချက်အလက်အချို့ကို ကိုယ်သိထားတယ်။ သို့သော်လည်း သူ့ကိုပြောပြဖို့မဖြစ်နိုင်တာမျိုးတွေကြုံလာရနိုင်ပါတယ်။ မိတ်ဆွေတွေအဖြစ်ခင်မင်ရင်းနှီးဖို့အတွက် ကိုယ်သူ့ကို ဘာတွေပြောပြလို့ရတယ်၊ ဘာတွေပြောပြလို့မရဘူးဆိုတာရှင်းရှင်းလင်းလင်းသိထားဖို့လိုအပ်သလိုပဲ အဲဒါဟာ တစ်ဦးချင်းစီလိုက်နာရမယ့် ကျင့်ဝတ်ပဲဖြစ်တယ်၊ မယုံကြည်တာမဟုတ်ဖူး ဆိုတာ အပြန်အလှန်နားလည်ထားကြရမှာဖြစ်တယ်။
အထိအခိုက်မခံတဲ့ ကိစ္စတွေနဲ့ကြုံလာရတဲ့အခါ ပြောမယ့်စကားကိုချင့်ချိန်ရမှာဖြစ်ပါတယ်။ ကဲရင်းရင်းနှီးနှီးပြောကြရအောင် ဒါမှမဟုတ်လဲ ငါမင်းကို အလုပ်ကိစ္စလေးတခုပြောပြလို့ရမလားဆိုတာနဲ့စပြီး သူ့မှာကော အလားတူပြောစရာရှိနေဦးမလားဆိုတာ ဆန်းစစ်သင့်ပါတယ်။ ပြောသင့်တာက မင်းလက်ရှိအလုပ်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေတယ်ဆိုတာငါသိချင်တယ်။ ငါတို့ဆွေးနွေးကြရအောင်ဆိုတာမျိုးပေါ့။ ဒီနည်းလမ်းအားဖြင့် ရင်းနှီးမှုလဲ မပျက်တော့ဘူး၊ အလုပ်ကိစ္စလဲထိခိုက်စရာမလိုတော့ဘူးပေါ့။
ကိုယ်နဲ့လက်တွဲလုပ်ကိုင်နေတဲ့ ကိုယ့်လက်အောက်က ဝန်ထမ်းတွေနဲ့ခင်မင်ရင်းနှီးဖို့လိုအပ်ပါတယ်။ သို့သော်လည်း ရင်းနှီးမှုမှာ စည်းလေးတွေရှိဖို့တော့လိုအပ်ပါတယ်။ ဥပမာအားဖြင့် – သူငယ်ချင်းအချင်းချင်းကြားမှာတောင်မှ မပြောအပ်တဲ့စကား၊ မပြောရမယ့်စကားတွေရှိနေသေးတာကိုး။ ပြီးရင် အချင်းချင်းကြားမှာ အချို့အရာတွေက တစ်ယောက်ကို တယောက်မယုံကြည်လို့မဟုတ်ဘဲ လုပ်ငန်းရဲ့စည်းမျဉ်းအရ၊ ကျင့်ဝတ်တွေအရ တစ်ယောက်ကို တစ်ယောက်ပြောပြလို့မရနိုင်ဘူးဆိုတာကိုလဲ အသိပေးထားသင့်ပါတယ်။ အထူးသတိထားရမှာက လုပ်ကိုင်ရတဲ့ရာထူးတာဝန်ချင်းမတူရင် သိသင့်၊ သိခွင့်ရှိတဲ့ သတင်းအချက်အလက်တွေလဲ တူမှာမဟုတ်ပါဘူး။
အဲဒီအခါမျိုးမှာ မသက်ဆိုင်တဲ့ သတင်းအချက်အလက်ကို ပေးသိလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါဖြစ်ပေါ်လာနိုင်တာ သတိပြုသင့်ပါတယ်။

၀န်ထမ်းတွေကို ရင်းရင်းနှီးနှီးပေါင်းပါ။ ဒါပေမယ့် စည်းလေးထားပါ။
•
One response to “၀န်ထမ်းတွေကို ရင်းရင်းနှီးနှီးပေါင်းပါ။ ဒါပေမယ့် စည်းလေးထားပါ။”
-
I would like to read more about HR management.
Recent Posts
- ကြွယ်ဝချမ်းသာချင်ရင် ရှောင်ရမယ့် အချက် ( ၁၀ ) ချက် ! (ပ – ၃)
- ပဋိပက္ခတွေဖြေရှင်းတဲ့အခါ..
- Gen Z ဝန်ထမ်းတွေကို ဘယ်လို Motivate လုပ်ရမလဲ
Social Media
Trending Posts




Leave a Reply to Christian Cancel reply