ကြွယ်ဝချမ်းသာချင်ရင် ရှောင်ရမယ့် အချက် ( ၁၀ ) ချက် ! (ပ – ၃)

( ၃ ) ငွေရှာရတာလွယ်မယ်လို့ထင်နေခြင်း

🎄 Financial Freedom ရစေရမယ်လို့အာမခံနေတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်။ အဲဒီလုပ်ငန်းတွေကနေ သူတို့ကို ချမ်းသာအောင်လုပ်ပေးမယ်လို့ယုံကြည်နေတဲ့ လူတွေအခုထိရှိနေသေးတာလဲ အံ့သြစရာပါ။


🎄 ဥပမာ – လောင်းကစားပေါ့။ အရင်တုန်းကတော့ ပါချင်ကိုလို့ခေါ်တယ်ထင်တယ်။ ( ကျနော်တို့ကတော့ ပါတာကုန်လို့ခေါ်တာ ) အစပိုင်း နိုင်သယောင်လုပ်ပေးပြီးနောက်ကျပါသမျှကုန်တာလေ။


🎄 Network Marketing – အခုခေတ်စားနေတဲ့ MLM လိုမျိုးပါ။ ထိပ်ဆုံးနားကလူတွေကောင်းစားပြီးအောက်ခြေက လူတွေကုန်တာမျိုး ( ပွန်ဇီ Scheme လို့လဲ ခေါ်ကြလေရဲ့ ) ။နောက်ကျတဲ့လူတွေကပါတာကုန်သလောက်ပါပဲ။


🎄 အလွယ်ပိုက်ဆံချေးတာ – အမျိုးတွေ၊ အသိတွေပိုက်ဆံချေးတာလဲပါသေး။ ပြန်မဆပ်လို့ဥပဒေအရအရေးယူဖို့လဲ ခက်တာမျိုးက ကြုံရဦးမှာ။ ဘယ်လောက်ပဲ စနစ်တကျလုပ်လုပ်၊ အမျိုးတွေနဲ့လုပ်တဲ့အလုပ်က ဆုံးဖြတ်ရခက်လွန်းတယ်။


🎄 Cryptocurrencies တွေနဲ့ကစားတာ – Cryptocurrency ဆိုတာ ပိုက်ဆံရှာဖို့မလွယ်ပါဘူး။ သူက ကိုယ့်ရှိတဲ့ပိုက်ဆံကို တခြား Currency တစ်မျိုးနဲ့သိမ်းထားတဲ့သဘောပါပဲ။ လွယ်လွယ်မြတ်၊ လွယ်လွယ်ကုန်၊ မြန်မြန်မြတ်၊ မြန်မြန်ကုန်နိုင်တာမျိုး။ ကိုယ့်ဘာသာကိုယ် ဘာလုပ်လိုက်မိမှန်းမသိဘဲ ရှိသမျှကုန်သွားတာဖြစ်နိုင်တယ်


🎄 တကယ်တော့ပိုက်ဆံများများလိုချင်ရင် အလုပ်လုပ်ရမယ်၊ တကယ်အလုပ်ဖြစ်တဲ့ နေရာမှာ ကိုယ့်ရှိတဲ့ အချိန်နဲ့ငွေကိုရင်းနှီးရပါမယ်။
တကယ်ကတော့ အစွမ်းကုန်ကြိုးစားအားထုတ်မှုလို့ပြောရပါလိမ့်မယ်။ တချို့လူတွေကတော့ ကံကောင်းလို့ပါကွာလို့ထင်ကောင်းထင်မှာပေါ့။


🎄 ကျနော်တို့ငယ်ငယ်ကတည်းက သိခဲ့ရမှာက အလွယ်တကူရမယ့် ပိုက်ဆံဆိုတာမရှိဘူးဆိုတာရယ်ပါ။ ကိုယ့်မိဘက ကိုယ့်ကိုအဲလိုသင်ကြားပေးခဲ့တယ်ဆို သူတို့ကို ကျေးဇူးတင်လိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *