Staff Party မတက်ဘူးလား ?

Annual Staff Party ကိုမလာဖြစ်ဖူးဆိုတဲ့ ဝန်ထမ်းတစ်ယောက်ကို ဘာလို့မလာတာလဲလို့မေးသင့်သလား
တခါတလေကျရှိတယ်။ ရုံးကနေပြီးတော့ ပွဲတွေလုပ်တယ်။ ဒါပေမယ့် တချို့ဝန်ထမ်းတွေက ရုံးကလုပ်တဲ့ပွဲတွေဆို ဘာပွဲပဲဖြစ်ဖြစ် မတက်တတ်ကြဘူး။ ဒါဆိုဘာလုပ်သင့်လဲ။
ဖြေ။ ဒီတိုင်းထားလိုက်တာပိုကောင်းတယ်။ ဘာလို့လဲသွားမေးရင် သူကအကြောင်းပြချက်ပေါင်းစုံပေးလိမ့်မယ်။ မအားလို့။ မိသားစုကိစ္စတွေရှိလို့တွေလဲဖြစ်နိုင်သလိုပဲ။ ကျွေးမယ့်အစားအသောက်ကအဆင်ပြေဘူးလို့ပြောတာလဲဖြစ်နိုင်တယ်။ ဒါဆိုရင် ကိုယ်ကကော သူအဆင်ပြေအောင် ပြောင်းပေးလို့ရနိုင်မယ်ထင်လား။ မဖြစ်နိုင်ဘူး။ ပြီးတော့ သူကမလိုက်ချင်တဲ့အကြောင်းရင်းက သူပြောတာတွေလဲ တကယ်ဟုတ်ချင်မှမဟုတ်မှာ။ ဘာပဲဖြစ်ဖြစ် သူမှမလိုက်ချင်တာကို အတင်းခေါ်လဲ သိပ်မထူးဘူးလေ။

Leave a Reply

Your email address will not be published. Required fields are marked *